Facebook မှာ သူများတင်ထားတဲ့ mp4 သီချင်းတွေ ဟာသ Video တွေကိုဘယ်လို ဒေါင်းလော့ဆွဲလဲဆိုပီး လာလာမေးနေကြတဲ့ သူငယ်ချင်း မိတ်ဆွေများနဲ့ မသိသေးတဲ့ ဘော်ဘော်တွေလည်း လုပ်တတ် ကိုင်တတ် သိသွားရအောင်လို့ ဆိုပီး ဒီပို့စ် ကိုရေးဖြစ်သွားတာပါ။ ဟုတ်ကဲ့ အောက်မှာပုံနှင့်တကွ သေချာရှင်းပြသွား မှာမို့လို့ မသိသေးတဲ့ ဘော်ဘော်တွေ အားလုံးလည်း နားလည် သဘောပေါက်မယ်လို့လည်း မျှော်လင့်ပါတယ် နားလည်လွယ်အောင်လို့လည်း အတတ်နိုင်ဆုံး သေချာ ပြောပြသွားမှာပါ။
အရင်ဆုံး မိတ်ဆွေိတို့ရဲ့ ဖုန်းထဲမှာ Advanced Download Manager ဆိုတဲ့ apk တစ်ခုကို install လုပ်ထားရမှာဖြစ်ပါတယ် ရှိပီးသားသူတွေကတော့ ဒီအဆင့်ကို ကျော်သွားလိုက်ပေါ့နော် မရှိသေးတဲ့ သူတွေက အောက်မှာဒေါင်းယူပီး install လုပ်ထားလိုက်ကြပါနော်.....
Advanced Download Manager.apk ကို ဒီမှာနှိပ် ပီးဒေါင်းယူပါခင်ဗျား.....
ADV download.....apk ကို install လုပ်ပီးပီးဆိုရင် Facebook.apk ကိုဖွင့်ပီးတော့ Log In ဝင်လိုက်ပါ..
Log In ဝင်ပီးလို့ ဒေါင်းချင်တဲ့ Video ကိုတွေ့ရင် အဲ့ video ရဲ့အောက်မှာ Comment ( A ဖြစ်ဖြစ်, B ဖြစ်ဖြစ်) တစ်ခုပေးလိုက်ပါ....အောက်ကပုံကို ကြည့်လိုက်ပါ...
Comment ပေးပီးပီးဆိုရင် Back တချက်နှိပ်လိုက်ပါ.. ပီးရင် မိမိရဲ့ Timeline Profile ဆီ သွားလိုက်ပါ Activity Log ကိုနှိပ်လိုက်ပါ... ပုံကိုကြည့်လိုက်ပါ...
Activity Log ကိုနှိပ်လိုက်ရင် အောက်ကအတိုင်းပေါ်နေပါလိမ့်မယ် အဲ့မှာ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ စောစော ကမိမိ Comment ပေးထားတာကိုတွေ့ရပါမယ် နှိပ်လိုက်ပါ.....
Comment ပေးထားတဲ့ စာတန်းကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်ပေါ်လာပါမယ်.. ADM Editor ကိုတချက်နှိပ်ပီး Just once ဆိုတာကိုနှိပ်လိုက်ပါ...
အဲ့လိုနှိပ်လိုက်ရင် ဒီလိုလေး ပေါ်လာပါမယ်.. Start ကိုနှိပ်လိုက်ပါ....
Video File ကိုဒေါင်းလော့ ဆွဲနေပါပီး မိမိဖုန်းရဲ့ noti bar ကိုဆွဲချပီး ကြည့်လိုက်ပါ...မိမိရဲ့ အင်တာနက် လိုင်က မြန်ရင်တော့ ဒေါင်းတာမြန်ပါတယ် အင်တာနက်လိုင်းက နှေးရင်တော့ ဒေါင်းတာ နဲနဲကြာပါလိမ့်မယ်ခင်ဗျား......
Facebook က Video ဖိုင်တွေကို ဒီနည်းလေးနဲ့ လိုချင်တဲ့ video များကိုလိုသလောက် ဒေါင်းလော့ဆွဲနိုင်ကြပါစေခင်ဗျား.....
ဒီလောက်ဆိုရင် နားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.........
အားလုံးအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျား..............










No comments:
Post a Comment