Monday, January 5, 2015

ASUS Zenfone 5 android ဖုန်းအမျိုးအစားတွေကို Firmware ပြန်တင်နည်း

       
ASUS ကထုတ်တဲ့ Zenfone 5 တွေကိုကလိလွန်ပီး Logo မှာရပ်နေတာကို Firmware ပြန်တင်ချင်တဲ့မိတ်ဆွေများအတွက် အောက်မှာကျွန်တော်သေသေချာချာရှင်းပြပေးထားပါတယ်ခင်ဗျာ... သေချာလေ့လာပီး လိုက်ကလိကြည့်လိုက်ကြပေါ့နော့်   ကဲ့..အရင်ဆုံး
လိုအပ်မဲ့ ဖိုင် တွေကို အောက်မှာအရင်ဒေါင်းလိုက်ပါနော်...........

ကွန်ပျူတာချိတ်ဆက်ဖို့အတွက် AndroidDrvSetup1.2.0.. ကို ဒီမှာနှိပ် ပီးဒေါင်းယူပါ.....
Zenfone Tools1 ကို  ဒီမှာနှိပ်  ပီးဒေါင်းယူပါ.......
Zenfone Firmware zip ဖိုင်ကို ဒီမှာနှိပ်  ပီးဒေါင်းယူနိုင်ပါတယ်.. Firmware ဒေါင်းလော့လင့်ရောက် သွားရင် OS နေရာမှာ Android လို့ထားပါ ပီးရင် Firmware နေရာမှာနှိပ်လိုက်ပါ firmware တွေပေါ်လာပါလိမ့်မယ် မိမိဖုန်းက ww ဆိုရင် ww နဲ့ပတ်သတ်တဲ့ Firmware ကိုသာဒေါင်းယူပါ စသဖြင့် မိမိဖုန်းအမျိုးအစားကို ကြည့်ပီးဒေါင်းယူကြပါနော်.....
အားလုံးဒေါင်းပီးပီဆိုရင် ကွန်ပျူတာမှာ နည်းနည်းလေးပြင်ဆင်ရပါမယ်နော်  ဖုန်းနဲ့ကွန်ပျူတာနဲ့ ချိတ်ဆက်
ဖို့အတွက် ဒေါင်းထားတဲ့ USB Driver AndroidDrvSetup1.2.0.exe ဖိုင်ကိုကွန်ပျူတာမှာ Install လုပ်ထားလိုက်ပါ ...
ဟုတ်ကဲ့ပီးရင် ဒေါင်းထားတဲ့ Firmware zip ဖိုင်ကိုဖြည်လိုက်ပါ (UL-ASUS_T00F-WW-1.18.40.10-user.zip) အဲ့နာမည်နဲ့ zip ဖိုင်တစ်ဖိုင် ထပ်ရလာပါမယ် အဲ့ zip ဖိုင်ကို Right click ထောက်ပီး Rename ကိုယူပီး update လို့ပြောင်းပေးလိုက်ပါ  ပီးရင်ဒေါင်းထားတဲ့ ZenFoneTool1.rar ဖိုင်ကိုဖြည်လိုက်ပါ ZenFoneTool1 ဖိုင်တစ်ဖိုင်ထွက်လာပါမယ် အဲ့ဖိုင်ကို နှစ်ချက်နှိပ်ပီးဖွင့်လိုက်ပါ ပီးရင်စောစောက (update) လို့နာမည်ပြောင်းထားတဲ့ Firmware ဖိုင်ကိုကူးထည့်လိုက်ပါ ကူးထည့်ပီးရင် ZenFoneTool1 ဖိုင်ကိုပိတ်ထားလိုက်ပါ ဟုတ်ကဲ့ ဒီလောက်ဆိုရင် ကွန်ပျူတာမှာပြင်ဆင်လို့ပီးပါပီး........
Firmware တင်မယ့်ဖုန်းကိုပါဝါပိတ်ပီးကွန်ပျူတာUSBကြိုးနဲ့ချိတ်ဆက်ပေးလိုက်ပါ PC ကဖုန်းကိုသိပီးဆိုရင် ZenFoneTool1 ဖိုင်ကိုဖွင့်လိုက်ပါ A key to reboot to recovery နှစ်ချက်ကလစ်ပေးလိုက်ပါ ခဏနေရင် ဖုန်းသူ့ဟာသူပွင့်လာပါလိမ့်မယ် စက်ရုပ်လဲနေတဲ့ပုံလေပေါ့....
 
ဖုန်းပွင့်လာပီးဆိုရင် ဖုန်းရဲ့ အသံတိုးခလုတ်+အသံချဲ့ခလုတ် ကိုပြိုင်တူနှိပ်ပေးလိုက်ပါ Recovery mode ထဲရောက်သွားလိမ့်မယ် Recovery mode ပေါ်လာပီးဆိုရင် အသံတိုးတဲ့ခလုတ်ကိုအသုံးပြုပီး wipe data/factory reset မှာထားပီး ပါဝါခလုတ်နှိပ်ပေးလိုက်ပါ ပီးရင် delete all ကိုရှာပီး ပါဝါခလုတ်နှိပ် ခဏစောင့် recovery mode ထဲပြန်ရောက်လာလိမ့်မယ်.....
   
recovery mode ထဲပြန်ရောက်လာပီးဆိုရင်တော့အပေါ်ကနည်းအတိုင်း wipe cache partition နှိပ်ပီးခဏစောင့်လိုက်ပါ recovery mode ထဲပြန်ရောက်လာရင် apply update from ADB ကိုနှိပ်ပေးလိုက်ပါ သင့်ရဲ့ဖုန်းဟိုးအောက်နားလေးမှာ Now send the package you..... စသဖြင့်မြင်တွေ့ရပါလိမ့်မယ်...ဖုန်းကိုဘေးနားခဏချထားလိုက်ပါ.......
ကွန်ပျူတာမှာဆက်ပီးလုပ်ရပါမယ် ZenFoneTool1 ဖိုင်ထဲက command window ကိုနှစ်ချက် ကလစ်ပေးလိုက်ပါ အမဲရောင် ဘောက်လေးပေါ်လာလိမ့်မယ် အဲ့ပေါ်လာတဲ့အမဲရောင်ဘောက်ထဲမှာ adb devices လို့ရေးပီး Enter နှိပ်ပေးလိုက်ပါ List of devices attached လို့မြင်ရင် ကွန်ပျူတာနဲ့သင့်ရဲ့ဖုန်း ချိတ်ဆက်မှုအဆင်ပြေတာပေါ့ဗျာ Error တို့ တခြားစာလုံးတွေမြင်ရင်တော့ ကွန်ပျူတာကသင့်ရဲ့ဖုန်းကို မသိသေးတဲ့အတွက် AndroidDrvSetup1.2.0.. ကိုသေခြာ install ပြန်လုပ်ပေးပါရန်......
ဟုတ်ကဲ့အဆင်ပြေတယ်ဆိုရင် ဆက်လုပ်ကြရအောင် အဲ့အမဲရောင်ဘောက်ထဲမှာပဲ adb sideload update.zip လို့ရေးပီး Enter နှိပ်ပေးလိုက်ပါ ရာခိုင်နှုန်း လေးပြေးနေတာတွေ့ရပါမယ် အဲ့ရာခိုင်နှုန်းတန်းလေး 100% ပြည့်ပီးဆိုရင်သင့်ရဲ့ဖုန်းအောက်ခြေမှာ ကြည့်ကြည့်လိုက်ပါ Install from ADB complate. လို့မြင်ရင် သင့်ဖုန်းကို firmware တင်တာ ရာနှုန်းပြည့်အောင်မြင်သွားပါပီး USB ကြိုးဖြုတ်ပီး ခဏ စောင့်နေလိုက်ပါ ဖုန်းသူ့ဟာသူပွင့်လာပါလိမ့်မယ် နည်းနည်းတော့ကြာပါတယ် စိတ်မပူပါနဲ့.....
***သတိပြုရန်***
Install from ADB complate. လို့မမြင်ရပဲ error တို့ တခြားစာလုံးတို့ မြင်ရတယ်ဆိုရင်တော့ သင်ဒေါင်းလော့ဆွဲထားတဲ့ firmware ဖိုင်နဲ့ သင့်ရဲ့ဖုန်းနဲ့ မကိုက်ညီမှုကြောင့်ပဲဖြစ်ပါတယ် ဒါကြောင့် သင့်ဖုန်းနဲ့ ကိုက်ညီမှုရှိတဲ့ firmware ဖိုင်ကို သေချာဒေါင်းယူပီး ထပ်လုပ်ကြည့်ပါ...လို့အကြံပြုပါရစေခင်ဗျာ...

အားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေသား............

No comments:

Post a Comment

ရွှေရိုး ၅ ဘာသာ အဘိဓါန် ဆော့ဝဲလ်(မြန်မာ၊အင်္ဂလိပ်၊ထိုင်း၊ဂျပန်၊ကိုးရီးယား၊ရုရှား)

ကဲ့ တောင်းဆိုထားသူရှိလို့ တင်ပေးလိုက်ပါတယ်ခင်ဗျား.....။ဘာသာစကား ၅ ဘာသာကိုလေ့လာနိုင်တဲ့ အဘိဓါန် လေးပါ ၊ မြန်မာ<>အင်္ဂလိပ်<>ထို...