Tuesday, July 29, 2014

လမ်းဘေးချအိပ် ခပ်ထိတ်ထိတ်

အမြန်လမ်း…
ကြားဖူးထားတာတွေက နားနှင့်မဆန့်လောက်အောင်ရှိပေမယ့် ဦးတင်မောင်တစ်ယောက် ကြောက်ဖို့တော့ စိတ်မကူးမိသေး…။ တစ်နေ့ကပဲ မောင်ထွန်းလာပြောသွားသေးတယ်မလား..။ ဘာတဲ့.. အမြန်လမ်းပေါ်မှာ ဘေးကနေ ရပ်ကြည့်နေတဲ့ မိန်းကလေးကို မိုင်တိုင် ခြောက်ခုအတွင်း သုံးကြိမ်တိတိ တစ်နေရာထဲ တွေ့လိုက်တယ်ဆိုလား..။ သရဲဆိုတဲ့အမျိုးကို အကောင်အထည်လိုက် မတွေ့ဖူးယုံသာမက အသံလေးတောင် မကြားဖူးတာမို့ ဦးတင်မောင် မကြောက်မိတာလဲမဆန်း..။ အခုလဲ တာဝန်အရ အားချင်း မန္တလေးကနေ ရန်ကုန်ကို ဆင်းရမယ်ဆိုလို့သာ မလွဲသာလို့ ညဘက်ကို သရဲအင်မတန်ကြောက်တတ်တဲ့ တပည့်ကျော်မောင်တင့်နဲ့ မောင်နီအမည်ရ ဒရိုက်ဘာအကျော်အမော်နှစ်ယောက်နဲ့ ခရီးထွက်ရမှာ…။

တစ်ညတော့ အိပ်လိုက်မယ်

ကိုဖိုးလုံးဆိုရင် သူ့ကို အဲဒီဘက်မှာ သိသူ ခင်သူ များတယ်လေ..။ သူက ခရကတွေကော၊ ဘာတွေကော၊ ညာတွေကောနဲ့ပါ အဆက်အဆံရှိတဲ့သူကိုး..။ ဒီလိုနဲ့ တစ်ရက်တော့ တပ်ထဲက သူ့ကို ခေါ်ပါလေရော..။ တပ်ရင်းမှူးက တွေ့ချင်တယ်ဆိုလို့..။ အဲဒါနဲ့ တပ်ထဲသွားဖို့ ပြင်ရတာပေါ့..။ သူကိုယ်တိုင်ကလဲ ရုံးနဲ့ တစ်ဖက်ဆိုတော့ ရုံးဆင်းတော့မှပဲ တပ်ထဲကို သွားဖို့ပြင်ရတယ်..။

ရွှေရိုး ၅ ဘာသာ အဘိဓါန် ဆော့ဝဲလ်(မြန်မာ၊အင်္ဂလိပ်၊ထိုင်း၊ဂျပန်၊ကိုးရီးယား၊ရုရှား)

ကဲ့ တောင်းဆိုထားသူရှိလို့ တင်ပေးလိုက်ပါတယ်ခင်ဗျား.....။ဘာသာစကား ၅ ဘာသာကိုလေ့လာနိုင်တဲ့ အဘိဓါန် လေးပါ ၊ မြန်မာ<>အင်္ဂလိပ်<>ထို...