Tuesday, August 19, 2014

အင်တာနက် Connection မကောင်းလည်းပဲ YouTube Videos တွေကိုမထစ်မငေါ့ပဲကြည့်လို့ရအောင်ပြုလုပ်နည်း

                                      
YouTube က Video တွေကြည့်ကြတဲ့အခါ လိုင်း ဘယ်လောက် ကောင်းကောင်း Loading လုပ်နေတာ အရမ်းကြာတာမျိုးတွေ အားလုံး ကြုံဖူးကြမယ်ထင်ပါတယ်... ကြော်ငြာတွေ , YouTube Page ထဲမှာ ရှိသမျှ Video တွေကို Loading လုပ်နေရတာကြောင့်ပါ... ပြီးတော့ အညံ့ဆုံး Lower Quality ဖြစ်တဲ့ 144p ရုပ်ထွက်နဲ့ Default ထားထားပါသေးတယ် ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေပါဘူး..။ 
အဲ့ဒီပြဿနာတွေကို Command Prompt (CMD) ကတဆင့် Hack ပြီး ဖြေရှင်းနိုင်တယ်။
Hack ဆိုတာနဲ့ အရမ်းအခတ်ခဲကြီး မဟုတ်ပါဘူး အောက်က Command လေးတွေကို Copy & Paste လုပ်ပြီး Enter ခေါက်ပေးရုံပါပဲ... OK လေးပေါ်လာတာနဲ့ Command Box ကိုပိတ်ပြီး YouTube ကို သွားကြည့်လိုက်ပါ... အရင်ကထက်  ၃ ဆလောက် မြန်ဆန်လာတာကို လက်တွေ့ တွေ့မြင် ကြရမှာ ဖြစ်ပါတယ်  Windows (XP, 7, 8, Vista) တွေ အားလုံးမှာ အလုပ်လုပ်ပါတယ်..။
Hack နည်းကတော့...
                            Start က Search Box မှာ CMD ရေးထည့်ပါ CMD > Right-Click > ‘Run as Administrator’  နဲ့ Run ပြီး Command Prompt ထဲမှာ ဒီအောက်က  အနီ ရောင်နဲ့ ပြထားတဲ့ Command ကုဒ် တွေကို Copy ကူး Right-Click နဲ့ Paste ချပြီး Enter ခေါက်လိုက်ပါ..။

netsh advfirewall firewall add rule name=”YouTubeTweak” dir=in action=block remoteip=173.194.55.0/24,206.111.0.0/16 enable=yes

အောက်ကပုံအတိုင်းမြင်နေရတယ်ဆိုရင်ရပါပီး...
                                                
ပြီးသွားရင် Command Prompt ကိုပိတ်လိုက်ပါ YouTube က Video တစ်ခုခုကိုသွားကြည့်လိုက်ပါ မြန်မြန် ဆန်ဆန် နဲ့ Video အရည်အသွေးကိုလည်း အနည်းဆုံး 480p နဲ့ ကြည်ကြည်လင်လင် ကြည့်ရှု့ ရမှာဖြစ်လို့ မိတ်ဆွေပျော်ရွှင်နေမယ်ဆိုတာ ကျွန်တောာ်ယုံကြည်ပါတယ်။

အရင် ပုံမှန်အတိုင်း ပြန်ထားချင်တယ်ဆိုရင်တော့ အောက်က အပြာ ရောင်နဲ့  Command ကုဒ် တွေကို Copy ကူးပြီး အပေါ်ကလုပ်တဲ့အတိုင်း Paste ချပြီး Enter ခေါက်ပေးလိုက်ပါ။

netsh advfirewall firewall delete rule name=”YouTubeTweak”.

အားလုံးအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာ..........

No comments:

Post a Comment

ရွှေရိုး ၅ ဘာသာ အဘိဓါန် ဆော့ဝဲလ်(မြန်မာ၊အင်္ဂလိပ်၊ထိုင်း၊ဂျပန်၊ကိုးရီးယား၊ရုရှား)

ကဲ့ တောင်းဆိုထားသူရှိလို့ တင်ပေးလိုက်ပါတယ်ခင်ဗျား.....။ဘာသာစကား ၅ ဘာသာကိုလေ့လာနိုင်တဲ့ အဘိဓါန် လေးပါ ၊ မြန်မာ<>အင်္ဂလိပ်<>ထို...