ဖတ်ဖို့အချိန်မရသေးလို့ပဲဖြစ်ဖြစ် အင်တာနက်ဖိုးချွေတာချင်လို့ပဲဖြစ်ဖြစ် လိုအပ်တဲ့စာတွေကိုသိမ်းထားချင်လို့ပဲဖြစ်ဖြစ် web page တွေက စာတွေကို firefox browser သုံးပီး PDF ဖိုင်အဖြစ် သိမ်းဆည်းနည်းကို ရှင်းပြပေးလိုက်ပါတယ်နော် Facebook ကို firefox မှဝင်ပီး facebook ပေါ်က စာတွေကိုလည်း PDF ဖိုင်အဖြစ် သိမ်ဆည်းလို့ရပါတယ် ကျွန်တော် တတ်သိသလောက်လေးကိုပဲ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ဆရာကြီးတော့မဟုတ်ရပါဘူး...။သိပီးသားဆြာကြီးတွေကတော့ ကျော်သွားလိုက်ပေါ့နော်.... ကဲ့ မသိသေးတဲ့ မိတ်ဆွေများကတော့ အောက်မှာ ပုံ နဲ့ ရော စာနဲ့ပါ ရှင်းပြပေးထားပါတယ် မိတ်ဆွေတို့အတွက် အသုံးလိုတယ်ဆိုရင်တော့ စမ်းကြည့်လိုက်ပေါ့ နော်....
၁ ။ Firefox browser ကိုဖွင့်လိုက်ပါပီးရင် မိမိဖတ်ချင်သော website ကိုသွားလိုက်ပါ။
ဥပမာ- www.7daydaily.com ဆိုပါတော့
၂ ။ ပီးရင် မိမိဖတ်လိုသော စာရှိရာ Page ကိုထပ်သွားလိုက်ပါ ရောက်လျှင် Menu ကိုနှိပ်လိုက်ပါ။
Tools ဆိုပြီးပါပါတယ် tools ကိုနှိပ်လိုက်ပါ။
၃ ။ tool ဆိုတာနှိပ်လိုက်ရင် popup menu တစ်ခုကျလာပါမယ် အဲဒီက save as pdf ကိုထပ်နှိပ်လိုက်ပီး
ခေတ္တစောင့်လိုက်ပါ ဒါဆို Web page ကို pdf အဖြစ်သိမ်းပီးပါပီး။
၎ ။ File Manager ထဲက download ဆိုတဲ့ folder ထဲမှာ အဲဒီ pdf file ရောက်နေပါလိမ့်မယ်။
အောက်ကပုံလေးတွေကိုကြည့်ပီး လုပ်တတ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်
အားလုံးအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာ.............




No comments:
Post a Comment