Tuesday, June 10, 2014

Android ဖုန်း Version တော်တော်များများကို မြန်မာဖောင့်ထည့်ကြရအောင်

ကျွန်တော်တို့ Android ဖုန်း Versions အနိမ့် ကနေ အမြင့်ထိ Versions တော်တော်များများကို မြန်မာစာထည့်သွင်းနည်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံးဖုန်းကို Root ဖောက်ရပါမယ် စိတ်မပူပါနဲ့ ဖုန်းထဲမှာတင် Root ဖောက်လို့ရတဲ့ apk လေးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်။ Root ဖောက်ပီးရင်အဆင်သင့်သုံးဖို့အတွက် Aio FonChanger ကိုလည်းတင်ပေးသွားမှာဖြစ်ပါတယ်။

                         


 အရင်ဆုံး Vroot Apk ကိုဒေါင်းလော့ဒ် ဆွဲလိုက်ပါ။ ရလာတဲ့ apk file ကို ဖုန်း Memory card ထဲထည့်ပီး Install လုပ်လိုက်ပါ။ ပီးရင် Install လုပ်ထားတဲ့ Vroot app ကို ဖွင့်ပီး Root လုပ်လိုက်ပါ။ သယ်ရင်းညီကိုတို့ရဲ့ဖုန်းမှာ Root Access ရသွားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ဖုန်းမှာ Root ရသွားပီးဆိုရင် MM AIO Font Changer  ကိုဆက်ဒေါင်းလော့ဒ် ဆွဲလိုက်ပါ။ သူ့ကိုလည်း အပေါ်ကနည်းတူပဲ Install လုပ်လိုက်ပါ။ ပီးရင် mm aio font changer ကိုဖွင့်ပီး မိမိတို့ ဖုန်းရဲ့ Versions အလိုက်ရွေးချယ်ပီး Smart Zawgyi ကိုရွေးလိုက်ပါ။ ပီးရင် စာကြောင်း ၃ ကြောင်းထဲကအပေါ်ဆုံး စာကြောင်းကိုနှိပ်လိုက်ပါ။ မိမိတို့ရဲ့ဖုန်းထဲကို မြန်မာဖောင့်နဲ့ Frozenkeyboard ကို စတင်သွင်းနေပါပီး။ ဘာခလုပ်မှမနှိပ်လိုက်ပါနဲ့ ဖုန်းကသူ့ဟာသူ power ပိတ်ပီး ပြန်ပွင့်လာပါလိမ့်မယ်။ Power ပြန်ပွင့်လာရင်တော့ မိမိတို့ရဲ့ဖုန်းမှာ မြန်မာစာလေးနဲ့ လန်းလို့ရပီးပေါ့ဗျာ။ ကီဘုတ်ကိုတော့ Settings ထဲမှာဝင်ချိန်လိုက်ပါ။ ဒီလောက်ဆိုရင် သယ်ရင်းညီကိုများ အားလုံအဆင်ပြေ ချေမွေ့စွာ လုပ်တတ်မယ်လို့မျှော်လင့်ပါတယ်။


 Vroot apk ဒေါင်းရန်    ဒီမှာနှိပ်ပါ

MM Aio font changer ဒေါင်းရန်   ဒီမှာနှိပ်ပါ

အားလုံအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

1 comment:

  1. ဟုတ်ကဲ့ ခုလိုတင်ပေးတာ ကျေးကျေးပါ

    ReplyDelete

ရွှေရိုး ၅ ဘာသာ အဘိဓါန် ဆော့ဝဲလ်(မြန်မာ၊အင်္ဂလိပ်၊ထိုင်း၊ဂျပန်၊ကိုးရီးယား၊ရုရှား)

ကဲ့ တောင်းဆိုထားသူရှိလို့ တင်ပေးလိုက်ပါတယ်ခင်ဗျား.....။ဘာသာစကား ၅ ဘာသာကိုလေ့လာနိုင်တဲ့ အဘိဓါန် လေးပါ ၊ မြန်မာ<>အင်္ဂလိပ်<>ထို...